메뉴 건너뛰기

close

【오마이뉴스의 모토는 '모든 시민은 기자다'입니다. 시민 개인의 일상을 소재로 한 '사는 이야기'도 뉴스로 싣고 있습니다. 당신의 살아가는 이야기가 오마이뉴스에 오면 뉴스가 됩니다. 당신의 이야기를 들려주세요.】

기시 송고 알림 테스트

မေး - ကိုယ့်အကြောင်းကိုမိတ်ဆက်ပေးပါ။
ဖြေ - သရုပ်ဆောင်အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့မြနှင်းရည်လွင်ပါ။

မေး - ဖေဖော်ဝါရီ၁ရက်စစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့အချိန်တုန်းကအခြေအနေနဲ့ခံစားမှုတွေကိုကျေးဇူးပြု၍ပြန်ပြောပြနိုင်မလား။ဘယ်လိုအခြေအနေမှာသတင်းကြားခဲ့ရပြီးကြားကြားချင်းဘယ်လိုခံစားခဲ့ရသလဲခင်ဗျာ။
ဖြေ - စစခြင်းသိရတဲ့အချိန်ကမနက်၅နာရီလောက်အဲ့အချိန် FB မှာတောင်ဘာတွေဖြစ်ကုန်ပြီလဲဆိုပြီးမယုံနိုင်လို့ Status တင်လိုက်မိသေးတယ်။မဟုတ်လောက်ဘူးထင်လို့ပြန်ဖျက်ပြီးခါမှ၆နာရီလောက်ကစပြီးအင်တာနက်ရောဖုန်းရောပြတ်သွားခဲ့ပါတယ်။နေ့လည်၁၂လောက်မှပြန်ရတော့သတင်းတွေတက်လာပြီ။လက်မခံချင်မယုံချင်ပေမဲ့လဲတစ်ကယ်ဖြစ်သွားခဲ့ပြီဆိုတော့ပထမဆုံးအမေစုကိုစိတ်ပူပြီးအရမ်းဝမ်းနည်းပက်လက်ခံစားခဲ့ရပါတယ်။

မေး - ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းစစ်ကောင်စီကအာဏာသိမ်းလိုက်ပြီးနောက်ဘယ်လိုနေလာခဲ့လဲ။နေ့စဉ်ဘဝကဘယ်လိုတွေပြောင်းလဲသွားပါသလဲ။
ဖြေ - အရာအားလုံးကအခုမှပြန်စဖို့လေးရှိတုန်းအကုန်ရိုက်ချိုးဖျက်ဆီးသလိုခံစားလိုက်ရတော့လူကတော်တော်လေးတော့နေရခက်တယ်။ဒါပေမဲ့ကိုယ့်ကိုယ်ကိုအတွက်ထက်အားလုံးပြည်သူတွေအတွက်ငါ့တစ်ယောက်ထဲအားနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ်ကပိုဖြစ်လာတော့အဲ့ဒီစိတ်နဲ့ပဲရှေ့ဆက်နေတာပေါ့။

မေး - အစ်မကအခုလုံလုံခြုံခြုံရှိနေရဲ့လားဘယ်လိုအခြေအနေလဲ။
ဖြေ - အတတ်နိုင်ဆုံးလုံခြုံတဲ့နေရာမှာတော့ရှိနေပါတယ်။

မေး - အစ်မကိုယ်တိုင်လည်းစစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာမိုက်ခရိုဖုန်းကိုင်ဆောင်ပြီးပြောကြားခဲ့တယ်လို့ကြားပါတယ်။ပြည်သူလူထုတွေကိုဘာမှတ်ချက်တွေပြောကြားခဲ့ပါသလဲ။
ဖြေ - အမေစုကျန်းမာပါစေအာဏာရှင်စနစ်အလိုမရှိ၊ CDM ကိုလဲမေ့မထားကြပါနဲ့။



ဖြေ - အဲ့ဒီနေ့ကအမျိုးသမီးတွေအားလုံးအမေစုကိုယ်စားပြုတဲ့အနေနဲ့အမေစုလိုပုံစံဝတ်ကြပြီးလမ်းပေါ်ထွက်ကြမယ်ဆိုတာနဲ့ကျမလဲအမေစုလိုပြင်ဆင်ပြီးမတူပေမဲ့အတတ်နိုင်ဆုံးပြင်ဆင်ပြီးအဲ့လိုလေးနဲ့ထွက်ပြီးပြည်သူတွေအတွက်အားတစ်ခုရနိုင်မယ်အထင်နဲ့ကျမကိုယ်တိုင်အတွက်လဲအားဖြစ်စေမယ်အထင်နဲ့ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။


မေး - စစ်ကောင်စီကအစ်မအပေါ်ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဖမ်းခံရမှာစိုးရိမ်ပြီးကြောက်မနေဘူးလား။
ဖြေ -အမေစုပြောခဲ့ဖူးတဲ့စကားတစ်ခုလိုပေါ့။မကြောက်ဖူးလားဆိုတာတော့ဘယ်ဟုတ်မလဲ။ကြောက်ရက်နဲ့အမှန်တရားအတွက်လုပ်ဆောင်တာကမှသတ္တိဆိုတာမျိုးပါပဲ။ကျမလဲကြောက်တာပေါ့။ကြောက်ကြောက်နဲ့ပဲရင်ဆိုင်နေရတာပါ။

မေး - တကယ်တော့အစ်မလိုမျိုးသပိတ်စစ်ကြောင်းမှာပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေ၊အနုပညာရှင်တွေအများကြီးအဖမ်းခံရတယ်လို့ကြားပါတယ်။အဖမ်းခံရတဲ့လူတွေရဲ့အခြေအနေဘယ်လိုလဲ။
ဖြေ - အဖမ်းခံရတဲ့အနုပညာရှင်တွေအကြောင်းကြားတိုင်းစိတ်မကောင်းဖြစ်ရတယ်။ဒါပေမဲ့ဘေးကင်းစွာနဲ့အမြန်ဆုံးလည်ပြန်လွတ်မြောက်ပါစေဆိုတဲ့ဆုတောင်းပေးရတာကလွဲရင်ဘာမှမကူညီပေးနိုင်လို့ပိုစိတ်ထိခိုက်ရတယ်။

မေး - ထောင်နဲ့ချီတဲ့မြန်မာပြည်သူတွေကအသတ်ခံရ၊ဒဏ်ရာရပြီးအဖမ်းခံခဲ့ရလူတွေလည်းနေ့တိုင်းတိုးလာပါတယ်။ဒါပေမဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကအခုအထိတည်ငြိမ်နေတာပါပဲ။ဒီလိုအခြေအနေအပေါ်မြန်မာနိုင်ငံအတွက်အခုအလိုအပ်ဆုံးဟာဘာလို့ထင်ပါသလဲ။
ဖြေ - နိုင်ငံတကာအနေနဲ့ကစီးပွားရေးပိတ်ဆို့တာတွေအကြမ်းမဖက်ဖို့စာတွေထုတ်ပြန်တာထက်ပိုမိုထိထိရောက်ရောက်ရှိအောင်ကျမအနေနဲ့ကသိပ်ပြောဖို့မတတ်ပေမဲ့ဒီ့အတွက် CRPH တို့ကနေပြီးထိရောက်မဲ့ Action မျိုးကိုတော့ရနိုင်အောင်ကြိုးစားနေတယ်လို့ယုံကြည်ပါတယ်။

မေး - အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လည်းဖွဲ့စည်းဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်းNUG နဲ့လက်တွဲပြီးပူပေါင်းလျက်ရှိပါတယ်။ရှေ့လျှောက်မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးကဘယ်လိုဖြစ်သင့်တယ်လို့ထင်လဲအစ်မရဲ့ထင်မြင်ချက်ကိုနည်းနည်းပြောပေးပါ။
ဖြေ - NUG ပေါ်ပေါက်လာပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းထားတဲ့ Federal Army ဆိုတာကတော့အရမ်းကောင်းတဲ့ပူးပေါင်းမှုဖြစ်တယ်လို့မြင်ပါတယ်။တစ်ကယ်လဲတည်ထောင်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းပင်လုံစာချုပ်မှာတောင်ပေါ်မြေပြန့်စည်းလုံးညီညွတ်ရေးအတွက်ထည့်သွင်းချုပ်ဆိုခဲ့တာရှိပါတယ်။

မေး - ကိုရီးယားပြည်သူတွေကိုပြောချင်တဲ့မှတ်ချက်တွေရှိရင်ပြောပြပေးပါ။
ဖြေ - ကိုရီးယားပြည်သူတွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်။ကျွန်မကိုယ်တိုင်ကလဲကိုရီးယား Tv series နဲ့အစားအသောက်တွေဆိုအရမ်းကြိုက်တဲ့သူဖြစ်လို့အခုလိုကျမတို့နဲ့အတူရပ်တည်ပေးတာသိရလို့​ ပြောမပြတတ်အောင်ဝမ်းသာရပါတယ်။ဂုဏ်လဲအမြဲယူနေပါတယ်။

မေး -နောက်ဆုံးမေးခွန်းပါ။ဘာပဲဖြစ်ဖြစ်ပြောပြချင်တာဒါမှမဟုတ်ကြေညာချင်တာရှိရင်လွတ်လွတ်လပ်လပ်ပြောပေးပါ။
ဖြေ - နောက်ဆုံးပြောချင်တာကဆက်လက်ပြီးအဆုံးထိတိုက်ပွဲဝင်ကြမယ်။ဒါပေမဲ့ကိုယ့်ဘက်ကမှားတာလွန်တာမရှိစေဘဲမေတ္တာနဲ့တိုက်မဲ့တိုက်ပွဲဖြစ်တယ်။ဆုံးရှုံးနစ်နာတာတွေများလိမ့်မယ်။အဲ့တော့ကိုမင်းကိုနိုင်ပြောတဲ့စကားတစ်ခုလိုပေါ့။"စည်းမျဉ်းအရအသံတိတ်ထားတာအလံလိပ်မသွားဘူးရင်ထဲမှာတလူလူ" ဆိုတာလေးပါ။"အရေးတော်ပုံအောင်ရမည်"
ကကြီးသားလေးကိုခန့်နိုင်မှဘာသာပြန်ထားပါသည်

မေး - နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လိုဝတ်စုံဝတ်ဆင်ပြီးဆန္ဒပြပွဲမှာဆန္ဒထုတ်ဖော်ပြတဲ့ဓါတ်ပုံကိုကျွန်တော်စွဲမြဲစွာမှတ်မိနေပါတယ်။ဘာတွေကိုထုတ်ဖော်ပြချင်လို့အဲ့လိုဝတ်ခဲ့တာပါလဲ။
ဖြေ - အဲ့ဒီနေ့ကအမျိုးသမီးတွေအားလုံးအမေစုကိုယ်စားပြုတဲ့အနေနဲ့အမေစုလိုပုံစံဝတ်ကြပြီးလမ်းပေါ်ထွက်ကြမယ်ဆိုတာနဲ့ကျမလဲအမေစုလိုပြင်ဆင်ပြီးမတူပေမဲ့အတတ်နိုင်ဆုံးပြင်ဆင်ပြီးအဲ့လိုလေးနဲ့ထွက်ပြီးပြည်သူတွေအတွက်အားတစ်ခုရနိုင်မယ်အထင်နဲ့ကျမကိုယ်တိုင်အတွက်လဲအားဖြစ်စေမယ်အထင်နဲ့ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။





번역 : 최진배

태그:#테스트
댓글
이 기사가 마음에 드시나요? 좋은기사 원고료로 응원하세요
원고료로 응원하기

오마이뉴스 22년 8년 광화문, 10년 상암동, 다시 4년 광화문(2018)

이 기자의 최신기사기사쓰기-사진 테스트 Tono



독자의견

연도별 콘텐츠 보기